ကျေးဇူးတင်လွှာ

ကျေးဇူးတင်လွှာ

… ကျေးဇူးတင်လွှာ …

ကျွန်တော်တို့ နှစ်သက်စွဲလန်းခဲ့သော သီချင်းများ ဖန်တီးရှင်၊ အနုပညာကဝေကြီး၊ သီချင်းမှော်ဆရာကြီး၊ အစားထိုးမရနိုင်သော ပညာရှင်၊ ဂီတလောက၏ ကြယ်တစ်ပွင့် ကြွေလွင့်သွားခဲ့သည်မှာ ၂-နှစ်ပင် ကျော်ခဲ့လေပြီ။ ထို့အတူ သူ့အား ချစ်မြတ်နိုးသော၊ သူ့အား လေးစားသော၊ သူ၏ ဂီတကို ခုံမင် နှစ်ခြိုက် ကြသော၊ သူ၏ သံစဉ်များ ကြားတွင် နစ်မျော ပျော်ဝင်နေသော၊ သူ့အား အရူးအမူး စွဲလန်းကြသော ဂီတဝါသနာရှင် လူငယ် တစ်စခုတို့၏ ရင်တွင်း၌ ကိန်းအောင်းလာသော လွမ်းဆွတ် သတိရမှု၊ ကြေကွဲ ဝမ်းနည်းမှု တို့အား ဖွင့်အန် လိုက်သောအခေါ အင်တာနက် ပေါ်တွင် “ထူးအိမ်သင် အမှတ်တရ” website ဟူ၍ ပေါ်ပေါက် တည်တံ့လာခဲ့သည်မှာ ၂-နှစ် တင်းတင်းပင် ပြည့်ခဲ့လေပြီ။
ဤသို့ “ထူးအိမ်သင် အမှတ်တရ” web site ဖန်တီးရာတွင် …
  • ခွင့်ပြုချက်ပေးခဲ့သော ထူးအိမ်သင် မိသားစု
  • ကျွန်တော်တို့အား အကြံဉာဏ်များ ပေးခဲ့သော၊ လိုအပ်သည့်
    မှတ်မ်း မှတ်ရာ အချက်အလက်များကို ကူညီပေးခဲ့သော ကိုမြင့်မိုးအောင် (တေးရေးဆရာ)
  • လိုအပ်သည့် သီချင်းများ၊ သီချင်း စာသားများ၊ သတင်းဆောင်းပါးများအား
    ရှာဖွေ စုဆောင်းပေးရုံမျှ မက ကွန်ပျူတာ စာစီခြင်းကိုပါ လုပ်ဆောင် ပေးခဲ့သော
    dawn_1o9, linleiphyusin, madyjune, NyaLu, PoeZar & others
  • wallpaper များ ပြုလုပ် ပေးခဲ့ကြသော BaganNAT, LetItRock,
    MgHla, ThaKhinGyi, thuyein_007, mr. young, zmoeaung, MgHla
  • web design ရေးသားပေးခဲ့ကြသော Thirteen, ClownFish,
    MgHla, mr. young
  • www.htooeainthin.com domain အား နှစ်နှစ်တာ အတွက်
    ဝယ်ယူပေးအပ်ခဲ့သော MaNwe
  • www.htooeainthin.com domain အား ၅-နှစ်တာ အတွက်
    ဝယ်ယူပေးအပ်ခဲ့သော ကိုနေလင်းအောင်
  • Hosting ဝယ်ယူရေး အတွက် လိုအပ်သည့် ငွေကြေးများ ထည့်ဝင်ပေးခဲ့သော
    PoeThar, Thirteen, mr. young နှင် ့ထူးအိမ်သင် website အတွက် web hosting
    အား အထူး ဈေးနှုန်းဖြင့် ရောင်းချပေးသည့်အပြင် တောင်းဆိုသမျှ ဂရုတစိုက်
    ဖြည့်ဆည်း ပေးခဲ့သော mmbiz.net
  • htooeainthin.com ဖြစ်ပေါ်လာရေး အတွက် အတူတကွ လက်တွဲ
    လုပ်ခဲ့ကြသော စေတနာရှင်၊ ဝါသနာရှင် ရောင်းရင်းများ ဖြစ်ကြသော ClownFish,
    LetItRock, MgHla, PoeThar, Thirteen, ThaKhinGyi, mr. young, Zeng တို့နှင့်
    တကွ
  • အခြားသော အကူအညီပေါင်း မြောက်များစွာကို ဘက်စုံ၊ ထောင့်စုံ၊
    ကဏ္ဍစုံမှ ကူညီ ပေးခဲ့ကြသော မိတ်ဆွေများ အားလုံးကို လည်းကောင်း၊ အကြံပြု
    email များ ပေးပို့ ဆွေးနွေး ခဲ့သော မိတ်ဆွေများ အားလုံးကို လည်းကောင်း

အထူး ကျေးဇူးတင်ရှိပါကြောင်းနှင့်
မိတ်ဆွေတို့၏ ကူညီမှုများအတွက် စကားလုံးများဖြင့်
ဖော်ပြခြင်းငှာ မစွမ်းနိုင်လောက်အောင်
ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါကြောင်း
ပြောကြားပါရစေဟု . . .

ချစ်ခြင်းအားဖြင့်

Htoo Eain Thin Web Development
Team